တရုတ်နိုင်ငံမှာ HMPV လိုခေါ်တဲ့ ဗိုင်းရပ်စ်တမျိုး ကူးစက်ပျံ့နှံ့နေပြီး အိမ်နိးချင်း အိန္ဒိယကတော့ ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီလို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဆောင်းရာသီမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုက အမြင့်ဆုံးဖြစ်တတ်တယ်လို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာကတော့ ဒီဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ အောက်ပိုင်းတွေကို သက်ရောက်စေနိုင်ပြီး ကိုယ်ခံအားနည်းသူတွေ၊ လူကြီးတွေနဲ့ ကလေးငယ်တွေအပေါ် သက်ရောက်မှုရှိတယ်လို ရှင်းပြထားကြောင်း သိရပါတယ်။ #crd