အကြမ်းဖက် PDF များမှ ပြည်သူများအား ဖမ်းဆီး/သတ်ဖြတ်မှုသတင်းများ

-ဇန်နဝါရီလ ၃ ရက်နေ့ ၀၅၀၀ နာရီတွင် ဂန့်ဂေါခရိုင်၊ ကျောမြို့၊ စကားကျေးရွာနေ ဦးစိန်ဘိုသန်း (၅၃)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်တင်တင်စန်း(၅၆)နှစ်၊ အထက(ခွဲ)(စကားကျေးရွာ)တာဝန်ခံကျောင်းအုပ်တို့ ၂ ဦးသည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်ရောက်ရှိလာခဲ့ပြီး ကျေးရွာ၏ အရှေ့ဘက် တောအုပ်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

-ဇန်နဝါရီလ ၃ ရက်နေ့ ၁၄၅၀ နာရီတွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စဉ်ကျေးရွာနေ ဦးလွှမ်းမိုးနိုင်(၄၀)နှစ်၊ ညောင်ပင်စဉ် ကျေးရွာနေသူသည်  နေအိမ်မှ ယာဉ်အမှတ်၊ MDY-13 2L/6196 အမျိုးအစား AD VAN(ဖြူ)ယာဉ်ဖြင့် စစ်ကိုင်းမြို့သို့ ထွက်ခွာလာခဲ့ရာ ကျေးရွာထိပ်သို့ ရောက်ရှိစဉ် အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်သမား ၈ ဦးသည် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဦးလွှမ်းမိုးနိုင်တွင် မျက်နှာ ဝဲဘက်ခြမ်းကြေမွ၊ ယာလည်ပင်းကွဲပြဲ၊ ယာဝမ်းဗိုက်အူထွက်၊ ဝဲပခုံး/ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့။

-ဇန်နဝါရီလ ၃ ရက်နေ့ ၁၈၃၀ နာရီတွင် မင်းကင်းမြို့နယ်၊ အံ့စရာကျေးရွာနေ ဦးစန်းမောင်(၅၉)နှစ်၊ ဦးစန်းမင်း(ခ)ကျောက်ပွင့်(၄၀)နှစ်၊ တောင်သူနှင့် ညောင်ကုန်းကျေးရွာနေ ဦးမျိုးမင်းထွေး(၂၈)နှစ်တို့ ၃ ဦးနှင့်အတူ လယ်ကွင်း၌ စပါးရိတ်သိမ်း ချွေလှေ့နေစဉ် PDF အကြမ်းဖက်အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်ရောက်ရှိလာခဲ့ပြီး ၎င်းတို့ ၃ ဦးအား ဖမ်းဆီး၍ လယ်ကွင်းအတွင်းတွေ့ရှိသည့် ဦးညိုမောင် ပိုင်ဆိုင်သည့် တရုတ်နိုင်ငံထုတ် 559 အမျိုးအစား ထွန်စက် ၁ စီး(ကာလတန်ဖိုး သိန်း ၅၀၀ ကျပ်ခန့်)အား ထွန်စက် ၁ စီးအား ဖမ်းဆီး/ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

-ဇန်နဝါရီလ ၃ ရက်နေ့ ၀၁၀၀ နာရီတွင် စေတုတ္တရာမြို့နယ်၊ ဘူးကျေးရွာသို့ အကြမ်းဖက်အင်အား ၁၅ ဦးခန့် ရောက်ရှိလာပြီး ကျေးရွာနေ ဦးသောင်းမြင့်(၆၉)နှစ်၊ ဦးဝင်းကိုမြင့်(၄၂)နှစ်၊ ဒေါ်စန္ဒာမြင့် (၅၃)နှစ်၊ မူ/ပြ၊ အထက(ဘူးရွာ)၊ ဦးမျိုးလွင် (၅၅)နှစ်(ဒေါ်စန္ဒာမြင့်၏ခင်ပွန်း)၊ နှင့် ဦးမောင်ခိုင်တို့ ၅ ဦး ဖမ်းဆီးခဲ့ပြီး ၎င်းနောက်   ဦးကျော်နိုင်လင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  ၎င်းအား မတွေ့ရှိသဖြင့် နေအိမ်အတွင်းရှိ TVS 110 (အပြာရောင်) မော်တော်ဆိုင်ကယ်အား ယူဆောင်၍ ဖမ်းဆီးခံရသူ ၅ ဦးနှင့်အတူ ကျေးရွာ၏ အရှေ့မြောက်ဘက် ပန်းအိကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၃ ရက်နေ့ ၀၉၂၀ နာရီတွင် မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာနေ ဦးရွှေ(၇၅)နှစ်သည် နေအိမ်မှ မင်းလှမြို့နယ်၊ ဗိုလ်တစ်ထောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဂန့်ဂေါ်ပင်ကျေးရွာထိပ်သို့ အရောက်၌ အသင့်စောင့်ဆိုင်းနေသော PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးရွှေတွင် ဝဲနားထင်ကျည် ဖောက်ဝင်၊ ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် ဖြစ်စဉ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *