ရန်ကုန်တိုင်းဒေသကြီးရှိ မြိုနယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံအမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတိုကို ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ကြံပစ်ခတ်မှုများ ကျူးလွန်ခဲ့သူများဖြစ်ကြသည့် ရန်နောင်ထွဋ်(ခ) လူစီဖာ(ခ) ရဲရင့်(ခ) လရောင်၊ ထွန်းနိုင်စိုး(ခ) ဘီးကျဲ၊ မိုးစက်အောင်(ခ) ကိတ်ကိတ်(ခ) တရုတ်လေး၊ အောင်နိုင်ဝင်း(ခ) ကိုဖြိုး၊ ဧပရယ်မိုးနိုင်(ခ) သီရိ(ခ) ဘေဘေ၊ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ)အငယ်လေးနှင့် မျိုးမြင့်(ခ) ခြူးလေး(ခ) ဂျိမ်းတို့ ၈ ဦးအား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် မော်တော်ယာဉ် ၂ စီး၊ လက်နက်မျိုးစုံ ၆ လက်နှင့် ခဲယမ်းများ၊ အကြမ်းဖက်ဖောက်ခွဲမှုနှင့် လက်လုပ်ရှော့တိုက်ဒုံးများပြုလုပ်ရန် ပြင်ဆင်ထားသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။