ငြင်းလို့မရတဲ့ ဗန်းမော်တိုက်ပွဲအတွင်းက KIA/PDF ကျဆုံးမှုများ

ဗန်းမော်တက္ကသိုလ်ကို တိုက်နေတဲ့ PDF နဲ့ KIA ပူးပေါင်းအဖွဲ့များ နှစ်သစ်ကူးကာလတိုက်ပွဲများမှာ ထိခိုက်ကျဆုံးများပြားနေပါတယ်..

ထိခိုက်ဒဏ်ရာရသူများကို တိုက်ပွဲနယ်မြေကနေ ဆွဲထုတ်ပြီး ဗန်းမော် ရိုးကြီးရပ်ကွက်၊ ဦးပိန်တံတားနားနဲ့ ဘူဒိုဇာကုန်းအနီးဘုရားကျောင်း၊ မြို့တောင်ဘက် ကချင်ဂျောင်တစ်ဝိုက်မှာခိုအောင်းပြီး ဆေးဝါးကုသပေးလျက်ရှိပါတယ်…

ဖိုးဒေဝရွာနဲ့ ညောင်ပင်သာရွာဘက်မှာ KIA နဲ့ PDF များ စုဖွဲ့နေပြီး တိုက်ပွဲဖြစ်ရင် PDF များကို ရှေ့က တက်ခိုင်းပြီး KIA အဖွဲ့က နောက်ကနေတိုက်လို့ ထိခိုက်သေဆုံးတဲ့ PDF တွေ များပြားနေပါတယ်…

ကျဆုံးတဲ့ KIA တွေကို ခရစ်ယာန်ဘာသာရေးထုံးတမ်းအစဉ်းလာနဲ့အညီ သင်္ဂြိလ်ပေးမဲ့ ဗမာ PDF ကျဆုံး သူတွေကိုတော့ မိုင်းခေါင်ဘက်ကို သယ်ယူပြီး ၁၀ လောင်း တစ်ကျင်းနှုန်းနဲ့ မြှုပ်နှံနေပါတယ်….

သူတို့ရဲ့ ထိခိုက်ကျဆုံးအလောင်းပုံများ မီဒီယာမတင်ဖို့ လိုင်ဇာဌာနချုပ်က ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်…

ဗန်းမော်မြို့ခံအများစုကတော့ ဗန်းမော်ကို လာတိုက်နေတဲ့ KIA တွေ နောက်ပြန်ဆုတ်သွားဖို့အတွက် လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ အင်ဘာပါ ဌာနချုပ်တွေကို တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်ပေးဖို့ တောင်းဆိုနေကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *