မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက် ၊ နယ်မြေ(၈) တွင် နေထိုင်သည့် သားမိနှစ်ဦးကို ဓားဖြင့်သတ်ဖြတ်သွားသည့် ကျူးလွန်သူအမျိုးသားသုံးဦးကို ပြည်သူများမှဝိုင်းဝန်းဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ –
ဒီဇင်ဘာလ ၂၉ ရက် ည ၈ နာရီဝန်းကျင်တွင် အသက်(၁၉) နှစ်အရွယ်ခန့်ရှိသည့် အရင်အမျိုးသားမှ ၎င်း၏ အပေါင်းအသင်းများနှင့်အတူ နေအိမ်သို့ရောက်ရှိလာပြီးနောက် ယောက္ခမဖြစ်သူ၏ လည်ပင်းကို ဓားဖြင့်ထိုးပြီး၊ ထို(၁၉) နှစ်အရွယ်ဇနီးဟောင်း၏ ဝမ်းဗိုက်ကိုလည်း ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။
“ကောင်မလေးရဲ့အရင်ယောကျာ်းလို့တော့ သူ့ရဲ့သူငယ်ချင်းကပြောတာ။ အရင်ယောကျာ်းဆိုတာက ရဲကြေးနန်းအရ သိမှာပါ။ စုစုပေါင်းအမျိုးသား ၃ ယောက်။ တစ်ယောက်က အပြင်မှာ စောင့်တယ်။ နှစ်ယောက်က ထိုးသတ်တယ်။ သူတို့ကို ရပ်ကွက်ကလူတွေက ဖမ်းပေးလို့မိတယ်။ သူတို့ ၃ ယောက်ဆီမှ ဓား ၃ ချောင်းတောင်ပါတာ” လို့ မိတ္ထီလာမြို့တွင် နေထိုင်သူတစ်ဦးမှ ပြောသည်။
ဓားဖြင့်အထိုးခံရသည့် မိခင်ဖြစ်သူမှာ အသက်(၅၀) ဝန်းကျင်နှင့် ၎င်း၏သမီးမှာ အသင်(၁၉) နှစ်ဝန်းကျင်ရှိ ကြောင်း၊ ရုပ်အလောင်းများကို ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ အသင်းယာဉ်ဖြင့် မိတ္ထီလာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ပါကြောင်း သိရသည်။
▪️ အသက်(၅၀) အရွယ် အမျိုးသမီးကို သတ်ဖြတ်သွားသည့် အမျိုးသားမှာ ဝဲလောင်မြို့၊ တောင်သာတွင်နေသည့် အမျိုးသားနှင့် အမျိုးသမီးငယ်ကို သတ်ဖြတ်သူမှာ နေပြည်တော်၊ တပ်ကုန်းမြို့တွင် နေထိုင်သူအမျိုးသားဖြစ်ပြီး၊ ကျန်တစ်ဦးလည်း တပ်ကုန်းမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
Photo – Credit
Newvisionmedia