တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွင် အမှတ်စဉ်(၂၂)သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း၊ အမှတ်စဉ်(၉)အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ဆေး၀န်ထမ်းတာ၀န်ခန့်အပ်ခြင်းအခမ်းအနားနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သက်ဆိုင်ရာကျောင်းဆင်းသင်တန်းသား/သင်တန်းသူများကလည်း ကျောင်းတော်ကြီးမှ သင်ကြားတတ်မြောက်လာတဲ့ ဆေးပညာများကိုလည်း မိမိတို့ကျရာတာဝန်အခန်းကဏ္ဍများတွင် တတ်ကျွမ်းတဲ့ဆေးပညာနဲ့ တပ်မတော်ဆေးတပ်ဖွဲ့ရဲ့ဂုဏ်ကိုမြင့်တင်နိုင်ပြီး ကျွမ်းကျင်ကူညီဆေးစစ်သည် ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ မိမိတို့ တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။