မန်ယူနည်းပြရဲ့ စိတ်ကြိုက်အနေအထားရောက်မှ ပြန်ကစားရမယ့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်

မန်ယူနည်းပြ အာမိုရင်မ်က အသင်းတိုက်စစ်ကစားသမား ရပ်ရှ် ဖို့ဒ်အနေဖြင့် အသင်းအတွက် ပြန်ကစားလိုနေသော်လည်း လေ့ကျင့်ရေးကွင်းတွင် မိမိစိတ်ကျေနပ်အောင် စွမ်းဆောင်ပြနိုင်မှသာ ၎င်းကို ပြန်ကစားခွင့်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်(၂၇ နှစ်) သည် (ဝုလ်ဗ်နှင့်ပွဲမတိုင်မီ)အထိ ပရီးမီးယားလိဂ် (၃)ပွဲ ဆက်တိုက် မန်ယူအသင်း၏လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန်အသင့် ဖြစ်နေပြီဟု ပြောဆိုခဲ့သည့် အင်တာဗျူးကြောင့် မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ်နေသူလည်း ဖြစ်သည်။ ယခုအခါ မန်ယူနည်းပြ အာမိုရင်မ်က ရပ်ရှ်ဖို့ဒ်သည် အသင်းအတွက် ပြန်ကစားရန်ဆန္ဒပြင်းပြနေကြောင်း အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ 

အာမိုရင်မ်က “ရပ်ရှ်ဖို့ဒ် ပြန်မကစားသေးတာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်အနေနဲ့ ပြန်ကစားချင်နေပြီး အဲဒီအတွက်လည်း ကြိုးစားနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ရပ်ရှ်ဖို့ဒ် ပြန်ကစားမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ အချိန်တန်ပြီလို့ ခံစားရတဲ့အချိန်မှာ တစ်ခုခုကို အပြောင်းအလဲ လုပ်သွားမှာပါ။ အဲဒီမတိုင်ခင်အထိတော့ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့်အရာကိုပဲ ကျွန်တော် စဉ်းစားမှာပါ။ ကျွန်တော် ဘာလုပ်နေတယ်ဆိုတာကို ကျွန်တော် သိပါတယ်”ဟု ဆိုခဲ့သည်။

eleven

Leave a Reply

Your email address will not be published. Required fields are marked *