အင်တိုင်းရွာကို တပ်ဖွဲ့ဝင်များက ဗုံးကြဲသဖြင့် ကလေးအပါအဝင် ၂ ဦး ဒဏ်ရာရကြောင်း သတင်းအမှားများ ရေးသား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အင်တိုင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲမဖြစ်ဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများက မြို့၊ ရွာများအတွင်း ဝင်ရောက်ခိုအောင်းနေထိုင်ကြောင်း ပြည်သူလူထု၏ သတင်းပေးပို့မှုများရှိလာပါက အကြမ်း ဖက်သမားများအမှန်တကယ်ဝင်ရောက်နေထိုင်ခြင်းရှိ/မရှိနှင့် အဆိုပါနယ်မြေအတွင်း ပြည်သူများ နေထိုင် ခြင်း ရှိ/မရှိကို နည်းပညာအကူအညီများ ရယူ၍ စုံစမ်းထောက်လှမ်းပြီးမှသာ တိုက်ခိုက်လေ့ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ/ရပ်ကွက်များကို အကြောက်တရားလွှမ်းမိုးစေရန် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ အထက်ပါ သတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာ များက အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်

Leave a Reply

Your email address will not be published. Required fields are marked *