အကြမ်းဖက် PDF များ၏ အကြောင်းမဲ့သတ်ဖြတ်ခဲ့မှုများနှင့် မှုခင်းသတင်းများ

-ဒီဇင်ဘာ ၁၈ ရက်နေ့ ၁၅၃၀ နာရီတွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်နေ ဦးမင်းနိုင်(၅၀)နှစ်သည် နေအိမ်မှ ဒါးဝယ်ဈေးရပ်ကွက်၊ ရွှေစင်ခဲရပ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာခဲ့ရာ ရွှေစင်ခဲရပ် ရွာလယ်လမ်းမသို့ ရောက်ရှိစဉ် အကြမ်းဖက် PDF ကျား ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမင်းနိုင်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးသွားခဲ့။

-ဒီဇင်ဘာ ၁၈ ရက်နေ့ ၀၉၃၀ နာရီတွင် မလှိုင်မြို့နယ်၊ သီးပင်ကုန်းကျေးရွာနေ ဦးဘောဂစိန်(၄၃)နှစ်သည် ၎င်း၏ နေအိမ်မှ ဆိုင်ကယ်ဖြင့် ၁ ဦးတည်းနေအိမ်မှ ပန်းအိုင်ကျေးရွာဘက်သို့ ထွက်ခွာလာစဉ် မလှိုင်-တောင်သာ-မြင်းခြံသွား ရထားလမ်းအနီးသို့ အရောက်၌ အကြမ်းဖက် PDF ကျား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဘောဂစိန်တွင် ဦးခေါင်းပွင့်ဒဏ်ရာ၊ ဝဲပါးပွင့်ထွက်ဒဏ်ရာ ယာနားထင်၊ ယာနားနောက်၊ ယာပါးရိုး၊ ယာပခုံးကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့။

-ဒီဇင်ဘာ ၁၈ ရက်နေ့ ၁၂၀၀ နာရီတွင် တောင်သာမြို့နယ်၊ အုတ်ဖိုကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ PDF အကြမ်းဖက် ၈ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့် လက်နက်ငယ်ကိုယ်စီကိုင်ဆောင် ရောက်ရှိလာပြီး ကျောင်းထိုင် ဆရာတော် ဦးဝေပုဏ္လအား ကျောက်ကာတောင်ကုန်း ဆရာတော် ဦးကေလာသ (ဝဲလောင်/တောင်သာမြို့နယ်) ရှိ/မရှိ စုံစမ်းမေးမြန်းခဲ့ရာ ဆရာတော် မရှိကြောင်း သိရှိရသဖြင့် အကြမ်းဖက်များသည် ဆရာတော် ဦးဝေပုဏ္လ ပိုင်ဆိုင်သည့် ယာဉ်အမှတ်၊ RGL-6654 NISSAN (အနက်ရောင်)ယာဉ်နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား မောင်းနှင်ယူဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၈ ရက်နေ့ ၁၀၀၀  နာရီတွင် ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာအုပ်စု၊ ဒေါင်းယက်ချောင်းကျေးရွာသွား ဇရပ်အနီး မြေနီလမ်းပေါ်တွင် အမည်မသိ အမျိုးသား ၂ ဦး သေဆုံးနေကြောင်း သတင်းရရှိခဲ့သဖြင့် လုံခြုံရေး ပူးပေါင်း အဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ  အသက် ၃၂ နှစ်ခန့်ရှိ (စိစစ်ဆဲ) ကျား ၁ ဦးတွင် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ ၆ ချက်၊ လည်ပင်းတွင် အဝါရောင် ပလတ်စတစ်ကြိုးဖြင့် အနက်ရောင် သေမင်းတမံအဖွဲ Black Grim Reaper group စာတမ်းပါ အဖြူရောင် ကတ်အားဆွဲထားပြီး  ပက်လက် အနေ အထားဖြင့် လည်းကောင်း၊ အသက် ၂၃ နှစ်ခန့်ရှိ (စိစစ်ဆဲ)ကျား ၁ ဦးတွင် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ ၄ ချက်၊ လည်ပင်းတွင် အဝါရောင် ပလတ်စတစ်ကြိုးဖြင့် အနက်ရောင် သေမင်းတမံ အဖွဲ့ Black Grim Reaper Group စာတမ်းပါ အဖြူရောင်ကတ်အား ဆွဲထားပြီး ပက်လက်အနေအထားဖြင့် လည်းကောင်း သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *