အကြမ်းဖက်အုပ်စုဖြစ်တဲ့ NUG ရဲ့ တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကနေ ထောက်ခံစာပေးပြီး နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးပေးတာတွေကို လက်မခံဘူးလို့ တောင်ကိုရီးယားအစိုးရက ဒီနေ့ ဒီဇင်ဘာ ၁၈ ရက် ရက်စွဲနဲ့ အသိပေးထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ဒါဟာ အကြမ်းဖက် NUG ဆီမှာ သက်တမ်းတိုးထားသူတွေကို နိုင်ငံကူးလက်မှတ်ဖျက်သိမ်းတာအထိ အရေးယူမယ်လို့ မြန်မာနိုင်ငံရဲ့ တရားဝင်သံရုံးကနေ ထုတ်ပြန်အပြီး သီတင်းပတ်အနည်းငယ်အကြာမှာပဲ တောင်ကိုရီးယားအစိုးရက အခုလို ထုတ်ပြန်လာခဲ့တာပါ။