ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲများတွင် ကာကွယ်ရေးဝန်ကြီးဌာနက ရွှေ ၁၃ ခု၊ ငွေ ၉ ခု၊ ကြေး ၉ ခုဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဒုတိယတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ တတိယတွင် ပြည်ထဲရေးဝန်ကြီးဌာနတို့ ရှိနေကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကတော့ ကြေး ၁ ခုသာရရှိထားပြီး အဆင့်နောက်ဆုံးမှာ ရပ်တည်နေကြောင်း သိရှိရပါတယ်။
