



နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁၊၂) တွင် Myanmar Countdown 2025 အား ဒီဇင် ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ နိုင်ငံကျော်တေးသံရှင်များစွာ၏ ဖျော်ဖြေမှုများနှင့်အတူ (၃)ရက်ကြာစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် Bobby Soxer ၊ ပုံရိပ်၊ လွှမ်းပိုင်၊ ချမ်းမြေ့မောင်ချို၊ ထက်ယံ၊ Examplez ၊ Double J နှင့် Team 143 တိုမှ ဒီဇင်ဘာ ၂၉ ရက်ညပိုင်းတွင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
ထိုပြင် ဒီဇင်ဘာ ၃၀ ရက်ည၌ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ Jewel ၊ နေမင်းအိမ်၊ ဝေလ၊ ဘိုဖြူ၊ ဟဲလေး၊ နေနော်တိုက ဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်သည်။