မြန်မာနိုင်ငံက အကြမ်းဖက်သမားတွေ စိမ့်ဝင်ရောက်ရှိနေတဲ့ ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်ဖျန်ဒေသမှာ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက Doi Loi Fa ပွဲတော်အတွင်း ဖျော်ဖြေနေတဲ့ စတိတ်စင်ရှေ့ကို ဗုံးပစ်ခံရလို့ ပေါက်ကွဲမှုဖြစ်ပွားပြီး ၄ ဦးအထိ သေဆုံးခဲ့သလို ဒဏ်ရာရရှိသူ ၄၈ ဦးရှိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
အဆိုပါ ဒဏ်ရာရရှိသူ ၄၈ ဦးထဲကမှ စိုးရိမ်ရတဲ့လူနာတွေကို အုန်းဖျန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြသလို သာမာန်ဒဏ်ရာရရှိသူတွေကိုတော့ အခင်းဖြစ်ရာနေရာအနီးမှာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ကုသမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖြစ်စဥ်အပေါ် ထိုင်းရဲတပ်ဖွဲ့က တရားခံဖမ်းမိရေး စုံစမ်းရှာဖွေခဲ့ရာမှာတော့ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ကရင်လူငယ် ၂ ဦးကို ဖမ်းမိခဲ့ပြီး ၎င်းလူငယ် ၂ ဦးကလည်း ရေတံခွန်ပွဲတော်တစ်ခုမှာ ပြဿနာရှိခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာရန်ငြိုးကြောင့် ယခုလို လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဝန်ခံထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားမှုအရ သိရပါတယ်။#𝙈𝙃𝙏𝙉𝙀𝙒𝙎