နေပြည်တော်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်း ဖော်ဆောင်မည်ဟု ဆို

နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်အတွင်း၌ အဆင့်မြင့်အိမ်ရာစီမံကိန်းအဖြစ် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဖော်ဆောင်သွားမည်ဟု သိရသည်။

ယင်းစီမံကိန်းကို နေရာ(၃)နေရာ၌ စီမံဆောင်ရွက်မည်ဖြစ်ပြီး ဇမ္ဗူသီရိမြိုနယ်၊ ပျဉ်းမနား-တောင်ညိုလမ်း အရှေ့ဘက် သုခတော်ဝင်အိမ်ရာ အနီးတွင် တစ်နေရာ၊ ပျဉ်းမနား – တောင်ညိုလမ်း အရှေ့ဘက် DENKO စက်သုံးဆီအရောင်းဆိုင်အနီး၌ တစ်နေရာနှင့် ဓနသိဒ္ဒိရပ်ကွက်၊ တော်ဝင်သီရိလမ်း အနောက်ဘက်တွင် တစ်နေရာ ဖော်ဆောင်မည် ဖြစ်သည်။

ထိုပြင် ယင်းစီမံကိန်းအဖြစ် မြေဧရိယာများ သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်၊ကုမ္ပဏီများကိုလည်း စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest ကို တရားဝင်ဖိတ်ခေါ်ထားကြောင်း သိရသည်။

ထိုအဆိုပြုလွှာပုံစံကိုလည်း ဒီဇင်ဘာလ(၁၂)ရက်ကစကာ ကုမ္ပဏီဆိုင်ရာအထောက်အထားမိတ္တူများ ပြသပြီး လာရောက်ဝယ်ယူနိုင်ကာ ဒီဇင်ဘာလ (၃၁)ရက် နောက်ဆုံးထားတင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *