အကြမ်းဖက် PDF များ၏ မိုင်းထောင်/ လက်ပစ်ဗုံးဖောက်ခွဲမှုသတင်းများ

Mine warning sign near Port Stanley in the Falkland Islands. Minefields remain on the Falkland Islands following the occupation of the Islands by Argentine forces in 1982.

-ဒီဇင်ဘာ ၈ ရက်နေ့ ၁၅၃၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာနေ ဦးငြိမ်းမော်(၃၇)နှစ်သည် ထင်းခွေရန် ကြူဝန်း ကျေးရွာ၏ အရှေ့ဘက်တောထဲသို့ သွားရောက်စဉ် ကြူဝန်းကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာအရောက်၌ အကြမ်းဖက်သူများထောင်ထားသည့် လက်လုပ်နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဦငြိမ်းမော်တွင် ဝဲလက်ဖမိုး၊ ယာခြေခွင် ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေကျင်းဝတ် ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

-ဒီဇင်ဘာ ၈ ရက်နေ့ ၁၈၁၀ နာရီတွင် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်နေ ဦးအောင်ထွန်းကျော်(၅၀)နှစ်သည် မော်တော်ယာဉ်ဖြင့် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ကန်ပတ်လမ်းမှ ၈၄ လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် သာသနာ(၂၅၀၀)ဗိမာန်တော်ရှေ့ အရောက်၌ (စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး လက်လုပ်လက်ပစ်ဗုံး ၁ လုံးအား ယာဉ်အတွင်း ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ ပေါက်ကွဲမှုကြောင့် ဦးအောင်ထွန်းကျော်တွင် ဝဲ/ယာခြေသလုံး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *