သိန္နီ-ကွမ်းလုံကြားမှာMNDAA လက်နက်ခဲယမ်းကားပေါက်ကွဲမှုဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့ ၅ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ–ကိုးကန့် MNDAAလက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ကား ဒီဇင်ဘာ ၈ ရက် နေ့လည် ၁၂နာရီ သိန်းနီးမြို့နယ်နားတီးကျေးရွာမှာပေါက်ကွဲပြီးသေဆုံးထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
လက်နက်ခဲယမ်းတွေပေါက်ကွဲပြီးနောက်ပိုင်း ဒီဇင်ဘာ၉ရက် နေ့လည်ပိုင်းထိကွမ်းလုံနဲ့သိန္နီကြားသွားလာခွင့်တွေကို MNDAA ကိုးကန်းပိတ်ပင်ထားတယ်လို့လည်းပြောပါတယ်။