ဒီဇင်ဘာ ၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရှားတောကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် (၁၂)နှစ် အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ–
ပြီးခဲ့သည့်ရက်ပိုင်းက စလင်းမြို့နယ်၊ ရှားတောကျေးရွာနေ မောင်နိုင်ဝေအောင် (၁၂) နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနီးရှိ လယ်ကွင်းသို့ စက်ဘီးဖြင့် သွားရောက်စဉ် လယ်ကွင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။
Crd//