စစ်တက္ကသိုလ်၏ (၆၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်၊ စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါတယ်။
ယင်းအခမ်းအနားတွင် ပါမောက္ခချုပ်က ဝိဇ္ဇာဘွဲ့ရရှိသူ ၄၇ ဦး၊ ဝါဏိဇ္ဇဘွဲ့ရရှိသူ ၈ ဦး၊ စီးပွားရေးပညာဘွဲ့ရရှိသူ ၁၅ ဦး၊ သိပ္ပံဘွဲ့ရရှိသူ ၁၃၂ ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိသူ ၅၄ ဦးနှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူ ၅၂ ဦး စုစုပေါင်း ၃၀၈ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
စစ်တက္ကသိုလ်အနေဖြင့် ပထမအကြိမ် ဘွဲ့နှင်းသဘင်မှ ယခု (၆၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ကျောင်းဆင်းအရာရှိပေါင်း ၃၄၃၀၃ ဦးကို အခြေခံဘွဲ့များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။