သံဖြူဇရပ်မြို့နယ်အတွင်းရှိ အကြမ်းဖက် KNU/PDF များအား ဆက်လက်တိုက်ခိုက်ချေမှုန်း

ဒီဇင်ဘာလ ၅ ရက်၊ ညနေပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဇီးနှစ်ပင်ရွာနှင့် ပရောဟဲကျေးရွာအနီးရှိ အကြမ်းဖက် KNU/PDFများ အခြေပြုထားသော ရန်သူ့စခန်းအား တပ်မတော် Drone Team အဖွဲ့မှ Drop Bomb ချ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သတင်းရရှိပါသည်။

တပ်မတော် Drone Team အဖွဲ့၏ Drop Bomb ချ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် KNU/PDF များ၏ စခန်း၊ ဘန်ကာများ ပျက်စီးခဲ့ကြောင်းနှင့် အကြမ်းဖက် KNU/PDF ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

တပ်မတော် Drone Team မှာ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းကလည်း အကြမ်းဖက်သမားများ၏ Drone Guard တင်ထားသောကားအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သလို ညနေပိုင်းတွင်လည်း ရန်သူ့စခန်းများအား ရှာဖွေတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *