ဒီဇင်ဘာလ ၄ ရက်နေ့ ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများ

( ၄ /၁၂/၂၀၂၄ ရက်နေ့ )

(အမ်းမြို)

အမ်းမြိုအရှေ့မြောက်ဘက်မှနေ၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအနေဖြင့် စအရ(၉၁၉) တပ် အရှေ့မြောက်ဘက် ၄ မိုင်အကွာနေရာရှိ AA သောင်းကျန်းသူများအား တိုက်ခိုက်ရှင်းလင်းခဲ့ရာ နံနက် ၁၀ နာရီခွဲတွင် ၁ ကြိမ်၊ ညနေ ၅ နာရီခန့်တွင် ၁ ကြိမ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မြဝတီကုန်းနှင့် အနီးရှိအဆောင်တိုအား AA သောင်းကျန်းသူများမှ နံနက် ၈ နာရီခန့်တွင် ၁ ကြိမ်၊ နေ့လည် ၁၁ နာရီခန့်တွင် ၁ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ရာ နေ့လည် ၂ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် ယနေ့ည ၆ နာရီခန့်က တိုင်းရပ်ကွက် ၂ ကာကင်းနေရာအား လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
နံနက် ၈ နာရီခွဲအချိန်ခန့်က ဘုရားကုန်းလုံခြုံရေးအဖွဲနှင့် စကခ ၅ မြောက်ဘက် ကာကင်နေရာများအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးအဖွဲဝင်များမှ ပြန်လည်တိုက်ခိုက်ရှင်းလင်းခဲ့ရာ ညနေ ၆ နာရီခွဲခန့်အထိ နှစ်ဖက် တိုက်ပွဲကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် မွေးမြူရေးခြံအနီးမှ ပြန်လည်ထွက်ပြေးသွားသည့် AA အဖွဲများအား လိုက်လံရှင်းလင်းခဲ့ရာ သောင်းကျန်းသူများကိုင်ဆောင်သည့် RPG တစ်လက်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
မောင်တောဒေသ၌ စစ်ရေးရှုံးနိမ့်မှုများဖြစ်ပေါ်နေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲအနေဖြင့် ယနေ့၌ အနီးကပ်လာရောက်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့သော်လည်း ညနေ ၅ နာရီခန့်က အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းတိုပစ်ခတ်သည့်နေရာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲအနေဖြင့် မောင်တောဒေသရှိ အမှတ်(၅)နယ်ခြားစောင်ရဲတပ်ဖွဲအား တိုက်ခိုက်နေသည်မှာ (၁၆-၃-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း (၂၃၃) ရက်၊ အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၆၉)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၄)ရက် ရှိလာပြီဖြစ်သည်။ အဆိုပါတိုက်ပွဲကာလအတွင်း AA သောင်းကျန်းသူအဖွဲအနေဖြင့် လူအင်အား(၉ဝဝဝ) ကျော်နှင့်လက်နက်ခဲယမ်းများ များစွာဆုံးရှုးမှုများ ရှိလာသောကြောင့် ၎င်းတိုရှိရာဒေသများတွင် အသက် ၁၀ နှစ်အရွယ်မှစ၍ အသက်၄၅ နှစ်အထိ ဒေသခံများအား အတင်းအဓမ္မဖမ်းဆီးကာ စစ်သင်တန်း ၇ ရက်ပေးပြီး ရှေ့တန်းစစ်မြေပြင်သို စေလွှတ်ခြင်း၊ ရိက္ခာနှင့် ဆက်ကြေးငွေများ အတင်းအဓမ္မကောက်ခံခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ ၎င်းတိုနှင့်ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ် #crd

Leave a Reply

Your email address will not be published. Required fields are marked *