ရုရှားကို လာမယ့်နှစ်ကစပြီး မြန်မာလုပ်သားတွေ စေလွှတ်မည်

ရုရှားနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာလုပ်သားတွေ စတင်စေလွှတ်ဖို ရှိနေတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) က ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ မြန်မာအလုပ်သမားတွေ စေလွှတ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနကို အလုပ်ကမ်းလှမ်းစာ (Demand Letter) တင်ထားပြီးဖြစ်ကာ ရုရှား-မြန်မာ အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ရေးထိုးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *