နိုဝင်ဘာလတိုက်ပွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံးဆိုတဲ့ ဂျင်းသတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်၊ ရွှေကျင်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြိုနယ်တို့တွင်နိုဝင်ဘာလတိုက်ပွဲများအတွင်း စကစ ၃၀ ဦးထက်မနည်း သေဆုံးတယ်လို Khit Thit မှ ဗြောင်လိမ်ရေးသားထားပါတယ်။

ဖြစ်စဉ်အမှန်က အဲဒီမြို့နယ်တွေမှာ နိုဝင်ဘာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ PDF ပူးပေါင်းအဖွဲများ တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကာ PDF အလောင်း ၄ လောင်းနှင့် လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ Khit Thit မှ အောက်တန်းကျစွာဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေတယ်လို့ အများအထင်လွဲမှားအောင် တပ်ကိုအပုတ်ချ၍ ဗြောင်လိမ်ရေးသားထားခြင်းဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *