စံပါယ်နံသာစစ်ဆေးရေးဂိတ်တွင် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိ

နိုဝင်ဘာလ ၃၀ ရက် နေ့လည် ၁၂ နာရီခန့်က ကန့်ဘလူမြို့နယ် စံပါယ်နံ့သာစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့များသည် သတင်းအရ မြစ်ကြီးနား-ရွှေဘိုကားလမ်းအတိုင်း မောင်းနှင်လာသော Toyota Hilux (ခဲရောင်)ကား ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် ရပ်တန့်မှုမရှိဘဲ နောက်သို့ပြန်လှည့်မောင်းသွားသဖြင့် လုံခြုံရေးအဖွဲ့များမှ ပစ်ခတ်ဖမ်းဆီးရာ ယာဉ်မောင်းမှ ထွက်ပြေးသွားပြီး ၎င်းယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် အောက်ပါပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ — ၅.၅၆ မမကျည် ၁၈၂၉ တောင့်။- ၇.၆၂ မမကျည် ၂၀၁၉ တောင့်။- ၄၀ မမဗုံးသီး ၅၀ လုံး။- ၆၀ မမဗုံးသီး ၂ လုံး။- ၇၃ မမဒုံးသီး ၂ လုံး။- ၇၃ မမဒုံးသီး(ပို့ကျည်) ၃ ခု။- တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၅၉ လုံး။- အမ်ဂျီ-၁ လက်ပစ်ဗုံး ၂ လုံး။- ကျည်အိမ်မျိုးစုံ ၄၇ ခု။- အိုင်ကွန်(အားသွင်းခုံပါ) ၂ လုံး။- KIA အလံ ၁ ထည်။- ပြောက်ကျားယူနီဖောင်း ၁၁၀ စုံ။- ပြောက်ကျားဦးထုပ် ၃၀ လုံး။- ကျည်ကာအင်္ကျီ ၂ ထည်။- ပြောက်ကျားEquipment ၃၀ စုံ။- ခါးပတ်ကြီး ၅၀ ခု။- လည်တိုဖိနပ် ၁၅ ရံ။- စောင်စိမ်း ၁၅ ထည်။- လည်စည်း ၁၀ ထည်။- ခေါက်ဆိုလာ(သေး) ၁ ချပ်။- Toyota Hilux (ခဲရောင်) ၁ စီးတို့အားသိမ်းဆည်းရရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *