ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်၊ Muang Mai စျေးအနီးမှာ ဆောက်လုပ်ဆဲ မိုးပျံအဝေးပြေးလမ်းတံတားနဲ့ ကရိန်းကြီးပြိုကျတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၄ နာရီအချိန်က ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဥ် ဖြစ်ပွားချိန်မှာ အလုပ်သမား ၄၀ ခန့် ရှိနေခဲ့ပေမယ့် မြန်မာနိုင်ငံသား ၃ ဦးနဲ့ အခြား ၁ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိသူက လက်ရှိအထိ ၁၀ ဦးထက်မနည်းရှိနေပြီး ၂၅ ဦးကတော့ အထိအခိုက်မရှိဘဲ ဘေးလွတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီလမ်းတံတားပြိုကျမှုကြောင့် ရာမ ၂ လမ်း နှစ်ဖက်စလုံးမှာရှိတဲ့ ပင်မယာဉ်ကြောတွေကို တာဝန်ရှိသူတွေက ဒီကနေ့မနက်ပိုင်းမှာ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
𝙈𝙃𝙏𝙉𝙀𝙒𝙎