ကဝ PDF အကြမ်းဖက်အဖွဲ့ကနေ ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ ဇော်ဇော်အောင်(ခ)ရဲရင့်နှင့် ဇင်ကိုမင်း(ခ) ဗျတ္တတို့ ၂ ဦးအား ၎င်းတို့ ကဝ PDF အဖွဲ့ကနေထုတ်ပြန်လိုကြောင်း နိုဝင်ဘာ ၂၇ ရက်ကနေ စာဖုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
ဘာလို့ဒီလိုထုတ်ပြန်ခဲ့လည်းဆိုတာကို စုံစမ်းကြည့်တာအခါမှာတော့ ရဲရင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်းတွေ့ရပါတယ်။ အကြောင်းအရာတွေကတော့-
နိုင်ငံရေးသမားတွေက သူတို့ကိုယ်ကျိုးအတွက် ဖန်ငွေရအောင် ပလန်ကြီးတွေလုပ်ကာ ငွေရှာနေပြီး အောက်ကအဖွဲ့များကိုတော့ မတည့်အောင်ထားထားပြီး ရန်တိုက်ပေးနေကြောင်း၊ သူတို့အကျိုးစီးပွားတွေအတွက် မထင်ရင် မထင်သလို ဒလန်လို့ခေါင်းစဉ်တပ်ခိုင်းပြီး ဘဝတွေပျက်အောင် ဆောင်ရွက်နေကြပြီး သူတို့တွေကတော့ ပြည်ပမှာ ကောင်းစားနေကြကြောင်းကို ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။


