နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်တွင် လွိုင်ကော်မြို့နယ်ထဲရှိ လင်ဖုန်းလေးတောင်ကုန်းတွင် အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ Surveillance Drone ဖြင့် ကင်းထောက်ကြည့်ရှုခဲ့ရာ အကြမ်းဖက် KNPP/KNDF/PDF အင်အား ၃၀ ဦးခန့်အား တွေ့ရှိခဲ့သည်။
ထို့ကြောင့် ချင်းချင်းပင် တိုက်ခိုက်ရေး Drone များ၊ ခြေလျင်အကူလက်နက်ကြီးများဖြင့် ကြိုတင်ပစ်ခတ်ချေမှုန်း ပြီး ရန်သူရောက်ရှိနေတဲ့ တောင်ကုန်းအား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KNPP/KNDF/PDF အလောင်း -၃ လောင်း
(၂) လက်နက်မျိုးစုံ -၅ လက်
- RPG လောင်ချာ -၁ လက်
- MA-3 သေနတ် -၁ လက်
- M-16 သေနတ် -၁ လက်
- KA သေနတ် -၂ လက်
(၃) ကျည်အိမ်မျိုးစုံ ၅ ခု
(၄) ကျည်ကာဦးထုပ် ၃ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။