ကန့်ဘလူပြည်သူ့စစ်အဖွဲ့၊ကျွန်းလှပြည်သူ့စစ်အဖွဲ့နှင့်တပ်မတော်စစ်ကြောင်းတို့ အတူပူးပေါင်း၍ စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်း၊တကုန်း၊လွှတ်တိုက်၊ဆွဲလှဲရွာများနှင့် အနီးပတ်ဝန်းကျင်ရှိ အကြမ်းဖက်များခိုအောင်းနေထိုင်လျှက်ရှိသော ကျေးရွာများကို နယ်မြေရှင်းလင်းလျှက်ရှိပါသည်။
စစ်ဆင်ရေးဆောင်ရွက်နေစဥ်အတွင်း ကျေးရွာရှိပြည်သူများမှာ အကြမ်းဖက်များ၏သွေးထိုးစကားများကြောင့် ကြောက်လှန့်ကာထွက်ပြေးနေကြရခြင်း၊မထွက်ပြေးလျှင်ဒလန်ဟု စွပ်စွဲသတ်ဖြတ်သောကြောင့် ထွက်ပြေးကြရခြင်း စသောအကြောင်းအမျိုးမျိုးတို့ကြောင့် ထွက်ပြေးနေကြရကြောင်း သိရှိရပါသည်။မိမိတို့အဖွဲ့သည် အေးချမ်းစွာနေလိုသော ပြည်သူများကို နွေးထွေးစွာလက်ကမ်းကြိုဆိုလျှက်ရှိပါသည်။
ကောင်းမွန်သောလူမှုဘဝကိုဖန်တီးပြီး အေးချမ်းစွာနေထိုင်လိုသော မိဘပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာများသို့ ယုံကြည်စိတ်ချစွာပြန်နေကြဖို့ အသိပေးအပ်ပါသည်။ဥပဒေဘောင်အတွင်း၌ နေထိုင်ခြင်းကသာ အန္တရာယ်ကင်းစေနိုင်တယ်ဆိုတာ သိစေအပ်ပါသည်။မိမိတို့စိုးမိုးနယ်မြေများကို လျှပ်စစ်မီးရရှိဖို့ ဆောင်ရွက်နေပြီး စီးပွားရေး၊လူမှုရေး၊ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်သူများအနေဖြင့် မလိုလားအပ်သော အသက်ဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် ဌာနေပြည်သူ့စစ်အဖွဲ့များထံဆက်သွယ်၍ မိမိတို့ရပ်ရွာများသို့ အမြန်ဆုံးပြန်ကြပါရန် အသိပေးအပ်ပါသည်။