မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး ထားဝယ်-ရေးကားလမ်းမပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ကိုးမိုင်တံတားကို ယခုအခါ ယာယီပြုပြင်ပြီးဖြစ်သဖြင့် ယနေ့ နိုဝင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းမှ စတင်ကာ ကုန်တင်ယာဉ်များအပါအဝင် မော်တော်ယာဉ်များကို ဖြတ်သန်းသွားလာခွင့် စတင်ပေးနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါတံတားကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်၂ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားချဉ်းကပ်လမ်းပေါက်သွားသည့်အပြင် တံတားယက်မတန်းများနှင့် တံတားယက်မချုပ်တန်းများ အက်ကွဲမှုဖြစ်ပေါ်ကာ ယာဥ်ဖြတ်သန်းမှုများ ယာယီရပ်တန့်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ပျက်စီးမှုဖြစ်ပေါ်ခဲ့သော အဆိုပါတံတားနေရာကို ယာယီဘေလီတံတားထိုးကာ ပြင်ဆင်ပေးခဲ့ရာ နိုဝင်ဘာလ ၂၆ ရက်တွင် ပြီးစီးသွားခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ယာဥ်များစတင်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။