မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၆၉၄ တွဲ ရောင်းချနိုင်ခဲ့

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့ရာ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၆၉၄ တွဲ ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀) မှ (၄၈၀၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၇၄၁ တွဲကို ပြည်တွင်းရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀) မှ (၄၈၀၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၀၈ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲ၊ အုပ်စု (အေနှင့်ဘီ) မှ ကျောက်စိမ်းအတွဲ ၁၈၂၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည့်အပြင် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိပြီး ကျပ်ငွေဖြင့်သာ ပေးချေဝယ်ယူရမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၁၄၂၉ တွဲ တို့ကို ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *