KNU တပ်မဟာ (၄)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၇) က ရဲဘော်မောင်နိုင်ကို မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၁) က သတ်ဖြတ်ခဲ့သည့်ကိစ္စကို ဖြေရှင်းချက်ပေးရန် KNDO က ထုတ်ပြန်ခဲ့သည်။
KNDO က ရဲဘော် မောင်နိုင်ကို မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်သည်ဆိုသည့် မှန်ကန်သည့်ဖြေရှင်းချက်ပေးရန် မြိတ်ခရိုင် တပ်ရင်း (၁) ကို KNDO က အသိပေးအကြောင်းကြားထားကြောင်းကိုလည်း ဖော်ပြထားသည်။
နိုဝင်ဘာလ ၂၅ ရက်တွင် မောင်နိုင်ကို မြိတ်ခရိုင်တပ်ရင်း (၁) ၊ တပ်ခွဲ (၁) မှ ရဲဘော်များက ကိစ္စရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။
မောင်နိုင်ကို သတ်ဖြတ်ခဲ့သည့်ကိစ္စနှင့်ပက်သက်ပြီး မှန်ကန်သည့်အကြောင်းပြချက်မပေးပါက ပြင်းထန်သော လက်တုံ့ပြန်ခြင်းနှင့် ဆိုးရွားသောအကျိုးဆက်များ ကြုံတွေ့ရမည်ဖြစ်ကြောင်း KNDO က သတိပေးထားသည်။