အကြမ်းဖက်လက်နက်ကိုင် 𝘼𝘼 နဲ့ 𝙋𝘿𝙁 တွေ သောင်းကျန်းနေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ ဟင်းထွက်ရှာတဲ့ အမျိုးသမီးတစ်ဦး မုဒိမ်းပြုကျင့်ခံရလို ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါအမျိုးသမီးဟာ အသက် ၃၅ နှစ်အရွယ်၊ ကလေး ၃ ယောက်မိခင်ဖြစ်သလို မုဆိုးမလည်းဖြစ်တယ်လို့သိရပြီး နိုဝင်ဘာ ၂၂ ရက် မနက် ၇ နာရီခန့်မှာ ချောင်းထဲကို ဟင်းထွက်ရှာရာကနေ အိမ်ကို ပြန်ရောက်ရှိလာခြင်းမရှိတာကြောင့် ရွာသူ၊ ရွာသားတွေက လိုက်လံရှာဖွေရာမှာတော့ သတိလစ်နေတဲ့ သူမကို စောချောင်းဝအနီးမှာ အဝတ်ဗလာနဲ့ မြက်ပင်တွေဖုံးအုပ်လျှက်အနေအထားနဲ့ နောက်တစ်နေ့မနက်မှာ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။
ရွာသူ၊ ရွာသားတွေက အဲဒီအမျိုးသမီးကို ဆမီးမြို့ဆေးရုံသို့ပို့ဆောင်ထားပြီး ဆရာဝန်တွေရဲ့ ဆေးစစ်ချက်အရ မုဒိမ်းပြုကျင့်ခံရတာလို့ သိရပြီး လက်ရှိမှာတော့ ၎င်းအမျိုးသမီးဟာ သတိပြန်ရနေပေမယ့် စကားမပြောနိုင်သေးတာကြောင့် ဖြစ်စဥ်အသေးစိတ်ကို မသိရသေးသလို မုဒိမ်းမှုကျူးလွန်သူကိုလည်း ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။