လိုင်းပေါ်မှာ CDM လုပ်သွားတဲ့ ဗိုလ်မှူးဟောင်း ဟိန်းသော်ဦး ရဲ့ မိခင်က သားပြန်လာမယ့်လမ်းကို မျှော်နေမိတယ်ဆိုတဲ့အကြောင်းလေး တက်လာတော့ စဉ်စားမိတယ်…
တပ်မတော်မှာနေစဉ်က သားဖြစ်သူကို တွေ့ချင်သလို တွေ့ရမြင်နေရပြီး… သားအတွက်လည်း ဂုဏ်ယူခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ဖူးမှာပါ…
သူ့အနေနဲ့ နိုင်ငံရေးအရောင်စိုး ပြည်ဖျက်တွေနဲ့ ဆက်သွယ်မိခဲ့တဲ့ အချိန်မှာတော့ သူရဲ့ဘဝတစ်ဆစ်ချိုးဟာလည်း အများကြီး ပြောင်းလဲသွားခဲ့ရသလို မိသားစုဘဝဟာလည်း ပျက်စီးသွားခဲ့ရပါတယ်။ တပ်မတော်ကို စတင်ဝင်ရောက်လာကတည်းက တပ်မတော်ကသင်ကြားပေးခဲ့တဲ့ အတတ်ပညာတွေနဲ့ တပ်မတော်ကို သစ္စာဖောက်ပြီး ရန်သူ့ကို ပြန်သင်ပေးနေခဲ့တယ်,,,,ဒီလိုနဲ့ တရားဉပဒေမရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကြားမှာ ခက်ခဲစွာရုန်းကန်နေရရင်း AAC ရဲမင်းနဲ့ စကားများ ရန်ဖြစ်ကြပြီး နောက်ပိုင်းမှာ တိုးတိုးတိတ်တိတ်နဲ့ လက်နက်ကိုင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ သိခဲ့ရပါတယ်။
ဒီတော့ သူ အသတ်ခံရတာဟာ ရဲမင်း စနက်မကင်းလောက်ဘူးထင်တာပဲ…မိခင်အဖွဲ့အစည်းကို သစ္စာဖောက်တဲ့ သစ္စာဖောက်လောက်ကောင်တွေ သစ္စာစူးပြီး သက်ဆိုးမရှည်ဘူးဆိုတာ သစ္စာဖောက် ဟိန်းသော်ဦးက အကောင်းဆုံးသက်သေပါပဲ…
အခုတော့ မိခင်မျှော်နေပေမယ့်လည်း သားဖြစ်တဲ့ တပ်မတော်အပေါ်သစ္စာဖောက်ခဲ့သူ၊ CDM အမည်ခံ ဟိန်းသော်ဦးကတော့ ဆိုခဲ့ဖူးတဲ့ သစ္စာ …စူးခဲ့လို့…မပြန်တော့မယ် လမ်းကို ရောက်သွားခဲ့ပါပြီ…