မင်းပြားတွင် လူ၂၀၀ ကျော် ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ၅ ဦးအထိရှိလာ

ခိုင်ပြည်နယ်၊ မင်းပြားမြိုနယ်မှာ ကျေးရွာပေါင်း ၂၀ ကျော်က လူပေါင်း ရာနဲ့ချီ ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ငါးယောက်အထိ ရှိလာနေတယ်လို ဒေသခံတွေဆီက သိရပါတယ်။

မင်းပြားမြိုနယ်က ကျီးမချေ၊ ကျီးမကြီး၊ င/လင်ကြီး၊ နတ်ထောက်၊ ခွီးချီးမြောင်၊ ဇိုင်ချောင်း၊ ပန်းမြောင်း၊ ထိန်ပင်၊ ရွှတောင်၊ အညှင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဒိုင်းသား၊ ဝါးတောင်၊ မြင်းကဆိပ်၊ ခွဆုံ စတဲ့ ကျေးရွာတွေအပြင် တခြားသော ကျေးရွာမှာ ငှက်ဖျားရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတာဖြစ်ပြီး ဆေးခန်းရှိပေမယ့် ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါး အလုံအလောက် မရှိတဲ့အတွက် ဆေးကုသဖို အခက်တွေ့တယ်လို သိရပါတယ်။ ကဲခုတော့ …အစိုးရရဲ့ စေတနာတွေကို ပြန်တမ်းတနေပြီလား?

Leave a Reply

Your email address will not be published. Required fields are marked *