ဖလမ်းတွင် CDF/CNA အလောင်း/လက်နက်များ သိမ်းဆည်းရရှိ

CDF နဲ့ CNA ပူးပေါင်းအင်အားအဖွဲ့တွေဟာ ဖလမ်းမြို့ကို သိမ်းပိုက်ရရှိရေး အင်အားအလုံးအရင်းဖြင့် နို-၂၀ ရက်မှ စတင်ပြီး တိုက်ခိုက်လျက်ရှိရာ ဖလမ်းမြို့ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့များက လေကြောင်းပစ်ကူရယူပြီး တုံ့ပြန်တိုက်ခိုက်လျက်ရှိပါတယ်…

နိုဝင်ဘာ ၂၁ ရက်မှာ ဖလမ်းမြို့ ပြည်သူ့ဆေးရုံနဲ့ နယ်မြေခံတပ်ရင်းဌာနချုပ်အနီးရှိ အမြောက်ကုန်း၊ ဘုရားကုန်းတို့ကို လာရောက်တိုက်ခိုက်သည့် အကြမ်းဖက်သမားများ လေကြောင်းပစ်ကူရယူပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်မှာ အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ပါတယ်….

ရန်သူလာရောက်တိုက်ခိုက်သည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ-
-အကြမ်းဖက်ကျား ၇ လောင်း
-လက်နက်မျိုးစုံ ၉ လက်
-ကျည်အိမ် ၉ ခု
-ကျည် ၉၀ တောင့် သိမ်းဆည်းရမိခဲ့။

မိမိဘက်မှ စစ်သည် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့။

နို ၂၂ ရက်နေ့ ရရှိသတင်းများအရ လုံခြုံရေးတပ်ဖွဲ့များအနေနဲ့ ဖလမ်းမြို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *