မုံရွာမြို့နယ် ဗန်စီကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ လက်နက်/ခဲယမ်းများ သိမ်းဆည်းရရှိ

နိုဝင်ဘာလ ၂၀ ရက် နေ့လည် ၁ နာရီခွဲခန့်က မုံရွာမြို့နယ် ဗန်စီကျေးရွာအနီးတွင် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ ခွက်ဆေးကန် ဘုန်းကြီးကျောင်းအတွင်းရှိ အဆောက်အဦများအား အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာ-

-လက်လုပ်သေနတ်(အရှည်) ၂ လက်
-လက်လုပ်စိန်ပြောင်း ၁ လက်
-လက်လုပ်ရှော့တိုက်ဒုံး ၃ ခု
-လက်လုပ်စိန်ပြောင်းဗုံးသီး ၇ လုံး
-လက်လုပ် Fixed Wing Drone (ပြုလုပ်ဆဲ) ၁ စီး
-လက်လုပ် Drop Bomb ၄ လုံး
-ဗုံးသီးပြုလုပ်သည့်ပုံစံခွက် ၂ ခု
-လက်နက်ငယ်ပြောင်း ၄၂ ခု
-လက်နက်ကြီးပြောင်း ၆ ခု
-ယမ်းကြိုး ၂ ခွေ
-လက်လုပ်မိုင်း ၄ လုံး
-သံဖြတ်စက် ၁ ခု
-တွင်ခုံ ၁ ခု
-ယမ်းစိမ်း(၅ ဂါလံ) ၁ ပုံး
-အက်ဆစ်(၅ ဂါလံ) ၁ ပုံး
-ယမ်းဝါ ၂ ပိဿာ
-ခဲ ၃ ပိဿာ
-ရီမု ၂ ခုတို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *