လူတစ်ယောက်အပေါ် မှာ မုန်းတီးတဲ့အတွေး ပေါ်လာရင် ဘာနဲ့ဖြေရှင်းမလဲ။
မြတ်စွာဘုရားက မေတ္တာပွားလိုက်ပါတဲ့။
သူ့အကျိုးလိုလားတဲ့ စိတ်ကို ထားနိုင်အောင် ကြိုးစားပါတဲ့။
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာထားခြင်း
ဖြင့် ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲမှာ ပူလောင်နေတဲ့ ဗျာပါဒမီးကို ငြိမ်းပါလို့ ပြောတာ၊ ဒါက သက်ရှိမှာ မေတ္တာထားနိုင်အောင် ကြိုးစားတာ။
မေတ္တာထားဖို့ဆိုတာကလည်း လွယ်တာတော့
မဟုတ်ဘူးနော်။
အမုန်းစိတ်ဆိုတာ ဖျောက်ဖို့တော်တော်ခက်တယ်။
အမုန်းစိတ်ပြင်းထန်လာပြီ ဆိုရင်မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ နည်းပေးထားတယ်။
မေတ္တာပွားတဲ့။မေတ္တာပွားလို့ မရရင် ကရုဏာ
ထား။
မရရင် ကံကံ၏အကျိုးကို တွေးလိုက်။
သူလည်းသူ့ကံနဲ့သူလာတာငါလည်း ငါ့ကံနဲ့ငါလာတာ မုန်းနေရော ဘာဖြစ်မှာတုံး။
သူကံကောင်းရင် အကျိုးကြီးပွားမှာပဲ။
သူ့ကံနဲ့သူ၊ငါလည်း ငါ့ကံနဲ့ငါလို့ ကံကို တွေး
လိုက်တဲ့။
အဲဒီလိုမှ မရရင် ဘာလုပ်ရ မတုံးဆိုတော့မေ့ပစ် လိုက်တဲ့။
နောက်ဆုံးက မေ့ပစ်လိုက်တဲ့ဘယ်နည်းပဲဖြစ်ဖြစ် ပျောက်ဖို့ရာ အဓိကမဟုတ် လား။
ရင်ထဲ နှလုံးထဲမှာ ပူလောင် စေတတ်တဲ့ ဒေါသရဲ့
အတွေးတွေကိုလည်း အဲဒီ နည်းနဲ့ ဖြေ ဖျောက်ရမယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ🙏🙏🙏