ဗီယက်နမ် – မြန်မာ ကုန်စည်ပြပွဲ ပြုလုပ်မည်

ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲကို နို၀င်ဘာလ (၂၆) ရက်မှ (၂၈) ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံထုတ်ကုန်များပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲတွင် မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ အိမ်သုံး လုပ်ငန်းသုံး မီးမြှင့်စက်၊ ဘက်ထရီများ၊ ဗီယက်နမ်မှ စားသောက်ကုန်များ၊ ကော်ဖီများ အစရှိသည့် စားသောက်ကုန်များအပြင် ဖိနပ်မှစ၍ လူသုံးကုန်အမျိုးမျိုးပါဝင်ပြသသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုအပြင် ပြပွဲတွင် မြန်မာ့ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့်အိမ်သုံးပစ္စည်းများအပြင် မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များသာမက Service လုပ်ငန်းများဖြစ်သည့် သင်တန်းကျောင်းများ၊ Cloud Computing နှင့် ပတ်သက်သည့် Software ကုမ္ပဏီများ လည်းပါ၀င်ပြသသွားမည်လည်း ဖြစ်သည်။

ကံစမ်းမဲ အစီအစဉ်အနေဖြင့် ရန်ကုန် – ဘန်ကောက်ခရီးစဥ် Air Ticket (One Way)၊ ဟော်တယ်တည်းခိုခွင့်နှင့် အခြားဆုမဲများစွာပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *