ရှင်သန်နေတဲ့ အခိုက်အတန့်သာ အခွင့်အရေးရှိတာ
ဒီခန္ဓာကိုယ် မပျက်စီးနိုင်တဲ့
အနေအထား မရှိဘူး။
မပျက်စီးနိုင်တဲ့အချိန်ဆိုတာ မရှိဘူး။
အဲတော့ ခန္ဓာကိုယ် ပျက်စီးပြီဆိုတာနဲ့
စောစောက ပြောခဲ့တဲ့
အလွန်ကြီးမားတဲ့ တန်ဖိုးရှိလှပါတယ်ဆိုတဲ့
အခွင့်အရေး ပျောက်သွားပြီ။
ဒါကြောင့်မို့လို့ အခွင့်အရေးကို
တွေးတဲ့အခါမှာ သေခြင်းကိုလည်း
ထည့်တွေးရမယ်။
ပိုင်ဆိုင်မူကို တွေးတဲ့အခါမှာလည်း
ရှင်သန်မူကို ထည့်တွေးရမှာပဲ။
နို့မို့ဆိုလို့ရှိရင် ပိုင်ဆိုင်မူကို လူတွေက
အလွန်အထင်ကြီးတာ။
“ငါ ဘယ်လောက် ပိုင်ထားတာ၊
ဘာတွေ ရှာထားတာ။”
မသေခင်ဘဲလေး ဒီဥစ္စာက။
မပြောကောင်းမဆိုကောင်း
မနက်ဖြန်သေမယ်ဆိုရင်
ဘာကြီးပဲ ပိုင်တယ်ပြောပြော
မနက်ဖြန်ရောက်တာနဲ့
အဲဒါ သူနဲ့ ဘာမှ မဆိုင်တော့ဘူး။
ဒီနေ့တစ်ရက်ပဲ သူ ခြယ်လှယ်ခွင့် ရှိမှာနော်။
ဒါကြောင့် ပိုင်ဆိုင်မူနဲ့ ပတ်သတ်ပြီးတော့
တွေးမိရင်လည်း ရှင်သန်မူကို ပစ်မထားနဲ့။
ရှင်သန်မူနဲ့ ပတ်သတ်ပြီးတော့ တွေး။
အဲသလိုပဲ အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့
တွေးရင်လည်းပဲ ရှင်သန်မူကို
ထည့်တွက်ရမယ်။
ရှင်သန်နေရတဲ့အခိုက်အတန့်ပဲ
အခွင့်အရေးက ရှိတာကိုး။
🙏သစ္စာရွှေစည်ဆရာတော်🙏