ထိုင်းနိုင်ငံထဲကို ခိုးဝင်တဲ့ မြန်မာတွေ ကားမှောက်လို့ ၇ ဦးသေဆုံး

ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ကားတစ်စီးဟာ ဘန်လန်းခရိုင်အတွင်းမှာ ဒီကနေ့ နိုဝင်ဘာ၂၀ ရက်နံနက်ပိုင်းမှာ တိမ်းမှောက်ခဲ့တာကြောင့် မြန်မာနိုင်ငံသား ၇ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

အဲဒီကားကို မောင်းနှင်လာတဲ့ ကားသမားဟာ ဘန်လန်းခရိုင်၊ ဘန့်ပလာရဲစစ်ဆေးရေးဂိတ်မှာ အမြန်မောင်းနှင်ထွက်ပြေးခဲ့ရာကနေ လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက လျှစ်စစ်မီးတိုင်ကို ဝင်တိုက်ခဲ့ပြီး ရေမြောင်းအတွင်း ပြုတ်ကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၅ ဦးပါဝင်တယ်လို့ သိရပြီး ဖြစ်စဥ်နဲ့ပတ်သက်လို့ ဆက်လက်အရေးယူနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *