နောင်ချိုအနီးတွင် TNLA အလောင်း/လက်နက်များ သိမ်းဆည်းရရှိ

နိုဝင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ၊ အုမ္မသီးကျေးရွာ လမ်းဆုံဝန်းကျင်တစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် TNLA နှင့် အကြမ်းဖက်အင်အား ၄၀ ဦးခန့်က ၁ ကြိမ်၊ အင်အား (၂၀) ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ-

TNLA ၃ လောင်း
လက်နက် ၃ လက်
ကျည်အိမ် ၆ ခု
ကျည် ၂၉၃ တောင့်
အီနာဂါဗုံးသီး ၂ လုံး သိမ်းဆည်းရမိခဲ့။

လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရ။

နောင်ချိုမြို့နယ်အတွင်း တပ်မတော်မှ တန်ပြန်ထိုးစစ်အသွင် တိုက်ခိုက်လျက်ရှိရာ ကင်းထောက် ဒရုန်းများဖြင့် TNLA အခြေပြုနေရာများအား ထောက်လှမ်းပြီး drop bomb ချ တိုက်ခိုက်ခြင်း ၊ ၁၂၀ မမ ဒုံးများဖြင့် တိုက်ခိုက်ခြင်းကြောင့် TNLA အဖွဲ့များ ထိခိုက်ကျဆုံးများပြားလျက်ရှိပါတယ်..

ယခုရက်ပိုင်းအတွင်း TNLA အဖွဲ့မှ အတင်းအဓမ္မ လူသစ်စုဆောင်းထားသော တပ်သားသစ်များဖြင့် လုံခြုံရေးတပ်ဖွဲ့များ၏ နောင်ချိုတန်ပြန်တိုက်စစ်ကို ခုခံတိုက်ခိုက်ခဲ့ရာ နို ၁၇ ရက်မှ စတင်ပြီး အုမ္မတီးလမ်းခွဲတစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *