ရဲဝံ့စွန့်စား ပြည်ချစ်သား ရင်ဖွင့်ဆွေးနွေးကဏ္ဍတွင် တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးရှိ အရာရှိ/စစ်သည်၊ မိသားစုဝင်များအနေဖြင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများ၊ တိုက်ပွဲဖြစ်စဉ်များအတွင်း ကျဆုံး၊ သေဆုံး၊ ပျောက်ဆုံး အကျိုးခံစားခွင့်/ ရပိုင်ခွင့်များမရရှိခြင်းနှင့် လုပ်ငန်းအခက်အခဲများရှိပါက သက်ဆိုင်ရာအကြီးအကဲများထံ အဆင့်ဆင့်တင်ပြပေးနေသည်ဖြစ်၍ အရာရှိ/စစ်သည်၊ မိသားစုဝင်များအနေဖြင့် မိမိတို့အခက်အခဲများအား လာရောက်ရင်ဖွင့်ဆွေးနွေးနိုင်ပါတယ်။
အပြောင်းအရွှေ့/ ထွက်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို သတ်မှတ်ထားသည့် မူဝါဒများအတိုင်း သက်ဆိုင်ရာ အဆင့်ဆင့်ထံသို့ တင်ပြရမည်ဖြစ်ပြီး အခြားကိုယ်ရေးကိုယ်တာကိစ္စရပ်များ၊ လုပ်ငန်းအခက်အခဲများနှင့် အရေးကြီးသည့်ချက်ချင်းဆောင်ရွက်သင့်သော ရန်သူ့သတင်းများကို တင်ပြလိုပါက ရဲဝံ့စွန့်စား ပြည်ချစ်သား PCT Call Center ဖုန်းနံပါတ် ၀၉-၆၆၈၆၄၀၆၁၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ ဖုန်းဖြင့်သော်လည်းကောင်း၊ ရဲဝံ့စွန့်စား ပြည်ချစ်သား PCT Website ရှိ Chat Box နှင့် သတင်းစကားပေးပို့ရန်ကဏ္ဍတွင် စာတိုလာရောက်ပေးပို့ခြင်းဖြင့်လည်းကောင်း လာရောက်ရင်ဖွင့်ဆွေးနွေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်…