မောင်တောမှာ စစ်ဦးကျိုးသွားပြီဖြစ်တဲ့ AA အကြမ်းဖက်

နိုဝင်ဘာ ၁၃ ရက် (ယနေ့) မနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နခခ (၅) အနီးသို့ အကြမ်းဖက် AA အဖွဲ့ ၅၀ ဦးခန့် ချဉ်းကပ်လာသဖြင့် လက်နက်ကြီးပစ်ကူ၊ Drone ပစ်ကူများ ယူ၍ ပြန်လည်တိုက်ခိုက်သဖြင့် ရန်သူ ထွက်ပြေးသွားခဲ့။ ရန်သူချဉ်းကပ်လာတဲ့နေရာအား အသေးစိတ် နယ်မြေရှင်းလင်းရာ Drone/ လက်နက်ကြီး တိုက်ရိုက်ထိမှန်မှုကြောင့် မြေပြင်နှင့် သစ်ပင်တွင် အသားစများ/ သွေးခဲများအဖြစ်သာ ကျန်ရစ်ခဲ့သည့် အရာများ (၆ လောင်းခန့်) တွေ့ရှိရပြီး –
(၁) RPG ၂ လက်
(၂) M-22 သေနတ် ၂ လက်
(၃) Type-81 သေနတ် ၃ လက်
(၄) BA-72 သေနတ် ၁ လက်

(၅) MA-2 သေနတ် ၂ လက်

ပေါင်း (၁၀)လက်နှင့်
(၆) ကျည်အိမ် ၁၂ ခု၊ ကျည် ၁၀၀၀ ကျော်
(၇) လက်ပစ်ဗုံး ၅ လုံး
(၈) ဆက်သွယ်ရေးစက် ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။