အကြမ်းဖက် AA ကြောင့် ယောကျာ်းသားရှားပါးလာတဲ့ ရခိုင်ပြည်နယ်

ယခုရက်ပိုင်းအတွင် ရခိုင်ဒေသဘက် တိုက်ပွဲဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် AA အဖွဲ့ဟာ အင်အားကုန်ဆုံးသွားပါပြီ။ အဓိက အထိနာသွားတာတွေကတော့ မောင်တောဒေသက နခခ(၅)၊ အမ်းဘက်က ဗော်ဓိတစ်ထောင်၊ မီးလောင်ချောင်းတွေ ဘက်မှာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေမှာ AA အဖွဲ့ဟာ ယခင်လိုမျိုး အင်အား ရာချီတိုက်ခိုက်လာတာမျိုး မရှိတော့ဘဲ အင်အားနည်းနည်း(အများဆုံး ၃၀ ခန့်)နဲ့ ကလေးတွေ/မိန်းမတွေ ခေါ်လာ၊ ညာသံပေး တက်တယ်။ အချို့တပ်ကာကင်းတွေကို တစ်နေကုန်ချောင်းတယ်၊ ညမိုးချုပ်ခါနီးအချိန်ပိုင်းတွေမှာ တပ်တွေကို ခဏ အငိုက်လာပစ်တယ်၊ တပ်ကပြန်ပစ်လို့ အခြေအနေမကောင်းရင် ပြန်ပြေးနေတာကို တွေ့ရတယ်။

ရည်ရွယ်ချက်ကတော့ အင်အား များသယောင်၊ တပ်တွေကို တပြိုင်တည်းတိုက်နေသယောင် Psywar လုပ်ပြီး တိုက်တယ်။ တပ်တွေကို ကျည်ခြွေတယ်။ အဲဒီနည်းနဲ့သာ တိုက်နိုင်တော့ပါတယ်။

ဒါကို သိမြင်လာတဲ့ တပ်ကလည်း ကျည်တစ်တောင့် ရန်သူတစ်ယောက်နှုန်းနဲ့ ရဲရဲဝံ့ဝံ့အပိုင်ချေမှုန်းလျက်ရှိပြီး Drone တပ်ဖွဲ့တွေအပြင် Sniper တပ်ဖွဲ့တွေပါ အားဖြည့်ပါဝင်လာနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါး လိုက်ပါတယ်။