မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

ဘာပဲဖြစ်ဖြစ်
ပြီးတော့ပြီးသွားကြတာပါပဲ။

ဒါပေမဲ့ ..

တစ်ချို့က မဲ့ပြီးတောပြီးသွားတယ်။

တစ်ချို့က ပြုံးပြီးတော့ ပြီးသွားတယ်။

မဲ့ပြီး ပြီးတဲ့သူတွေကြတော့ မကျေနပ်မှု
ဒေါသတွေကြောင့် ဒုက္ခတွေ ထပ်ဖြစ်ဦး
မယ်။

ပြုံးပြီး ပြီးတဲ့သူတွေကြတော့ ယစ်မူးမှု
လောဘ တွေကြောင့် ဒုက္ခတွေ ထပ်ဖြစ်
ဦးမယ်။

သိပြီး ပြီးသွားကြတဲ့ သူ အနည်းငယ်
သာလျှင် နားလည်မှု ဉာဏ်ပညာ တွေ
ကြောင့်
ငြိမ်းအေးပြီး လွတ်မြောက် သွားကြ
လိမ့်မယ်။

ဘာပဲဖြစ်ဖြစ်
ပြီးတော့ ပြီးသွားကြတာပါပဲ။

ဒုက္ခဆက်ဦးမယ့် ပြီးခြင်းလား…?

ဒုက္ခချုပ်သွားမယ့် ပြီးခြင်းလား…?

နစ်မွန်းရမယ့် ပြီးခြင်းလား…?

လွတ်မြောက်သွားမယ့် ပြီးခြင်းလား…?

ဆက်ဖြစ်ဦးမယ့် ပြီးခြင်းလား…?

ချုပ်ငြိမ်းသွားမယ့် ပြီးခြင်းလား…?

အရှင်ဥတ္တမ (သစ္စာရွှေစည်)

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်