နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက အမ်းမြို့၏တောင်ဘက် မီတာ ၆၀၀၀ ခန့်အကွာရှိ တပ်စိတ်အဆင့် လုံခြုံရေးယူထားတဲ့ သစ်တပင်ကုန်းစခန်းအား အကြမ်းဖက် AA ၉၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့ရာ ပစ်အားမမျှတဲ့အတွက် သစ်တပင်ကုန်းစခန်းအား ယာယီစွန့်ခွာခဲ့ပြီး ပင်မစခန်းကုန်းနှင့် ပူးပေါင်းခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် Drone Team အဖွဲ့၏ ပစ်အားကို ရယူကာ သစ်တပင်ကုန်းအား ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကာ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် AA ၅ လောင်း (ကျန်ရစ်)
(၂) သေနတ်မျိုးစုံ ၆ လက်
- M-22 သေနတ် ၃ လက်
- AK-47 သေနတ် ၂ လက်
- MA-1 သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။