စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်သတင်း


၆-၁၁-၂၀၂၄ ရက်တွင် တရားခံ(၅)ဦးအား စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

၁။ ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Ko Ko Tie အကောင့်အမည်ဖြင့် အကြမ်းဖက်အဖွဲ့များ၏ Post များအား Share ခြင်း၊ ၎င်းကိုယ်တိုင် Post တင်ခြင်းများပြုလုပ်ထားသည့်တရားခံ ပြည့်စုံဦး(ခ)တိုင်းကျော်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၂။ ရွှေဘိုမြို့ အမှတ်(၇)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ပြားပါ အထုပ် ၁၀ထုပ်စီပါအထုပ်ကြီး ၂ ထုပ်(စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၃၈၀၀၀ ပြား) အလေးချိန်စုစုပေါင်း ၃၄၂၀ ဂရမ်အားစစ်ဆေးတွေ့ရှိရသဖြင့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသည့်တရားခံ အောင်သူနှင့်မာမာခိုင်တို့ ၂ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေပုဒ်မ ၁၉(က)အရ နှစ်အကန့်အသတ်မရှိစီ ကျခံစေရန် အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
၃။ ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ၎င်း၏လက်ကိုင်ဖုန်းဖြင့် အကြမ်းဖက် PDF များနှင့်ဆက်သွယ်ပြောဆိုထားခြင်း၊ အကြမ်းဖက် PDF များအတွက် လိုအပ်သော လက်နက်/ ခဲယမ်းနှင့်ရိက္ခာများဝယ်ယူရန်အတွက် Daw Chaw Su Hlaing အမည်ဖြင့် ဖွင့်ထားသည့် K Pay အကောင့်မှ ငွေကြေးများ အကြိမ်ကြိမ်ထောက်ပံ့ပေးထားသော မှတ်တမ်းများတွေ့ရှိရသည့်တရားခံ ချောစုလှိုင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
၄။ ရွှေဘိုမြို့ မြို့သစ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF များအတွက် လိုအပ်သော လက်နက်/ခဲယမ်းနှင့်ရိက္ခာများဝယ်ယူရန်အတွက်ငွေကြေးများအကြိမ်ကြိမ်ထောက်ပံ့ပေးခြင်း၊ အကြမ်း ဖက် PDF များ၏ ဇနီးများအား ရိက္ခာဝယ်ယူနိုင်ရန်အတွက် အခကြေးငွေယူ၍ ကားဖြင့် ဈေးသို့ ပို့ဆောင်ပေးခြင်းများပြုလုပ်ခဲ့သည့် တရားခံ ကျော်သင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။