ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး) သင်တန်းဆင်းပွဲ

ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး) သင်တန်း အမှတ်စဉ်(၁၀)၏ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၈ ရက် (ယနေ့) နံနက်ပိုင်းတွင် မှော်ဘီတပ်နယ်ရှိ အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းတွင် ပြုလုပ် ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မှ အရာရှိကြီးများ၊ သင်တန်းသူ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။

ဒီနေ့ဟာ တပ်မတော်အတွက် အရည်အချင်းပြည့်ဝပြီး စည်းကမ်းရှိသည့်၊ အမိန့်နာခံမှုကောင်းသည့် တပ်ကြပ်ကြီး/ စာရေး (အမျိုးသမီး)များကို (၁၀)ကြိမ်မြောက် မွေးထုတ်ပေးနိုင်သည့် နေ့ဖြစ်ပါသည်။

ယခု သင်တန်းဆင်း ညီမငယ်များအနေဖြင့် တပ်မတော်က ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးခဲ့ပြီးဖြစ်လို့ တာဝန်ကျရာဌာနတွေမှာ ရုံးလုပ်ငန်းများအပြင် တိုက်ပွဲဝင်နိုင်စွမ်းရှိပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူဝံ့ကြွားရသည့် အမျိုးသမီးစစ်မှုထမ်းကောင်းများ ဖြစ်လာကြမယ်လို့ ယုံကြည်ပါကြောင်း ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ပါသည်။
ရဲဝံ့စွန့်စားပြည်ချစ်သား