🌷ဘဝဆိုတာ..🌷
ဘဝဆိုတာ တကယ်တန်းက
အဆင်ပြေတာတွေပဲ ဖြစ်ဖြစ်
အဆင် မပြေတာတွေပဲ ဖြစ်ဖြစ်
ဆင်းရဲတာပဲ ဖြစ်ဖြစ်
ချမ်းသာတာပဲ ဖြစ်ဖြစ်
ဘာဖြစ်ချင်တာ ဖြစ်ပါ။
တကယ်တန်းက ဘာတုန်းဆိုတော့
ပြီးဆုံးသွားတာပါပဲ။
ပြီးဆုံးသွားတာချည်းပဲ။
အဲသလို ပြီးတော့လည်း ပြီးရတာ
ဖြစ်တဲ့အတွက်ကြောင့်
တကယ်တန်းက
တန်းဖိုးမရှိဘူးလို့ ပြောတာ။
ဘဝမှာ သုညသဘောလို့
မြတ်စွာဘုရားကတော့ ဟောတယ်။
ဘဝဟာ သုည
သုညဆိုတာ တန်ဖိုးမရှိဘူးလို့ ပြောတာ
ပါပဲ။
အကြောင်းမဲ့ကြီး တန်ဖိုးမရှိဘူးလို့
အရမ်းကာရော စွပ်စွဲတာ၊ ယူဆတာ
မဟုတ်ဘူး။
ပြီးပြီးသွားနေတဲ့အတွက်ကြောင့်
တန်ဖိုးမရှိဘူးလို့ ပြောတာ။
ကောင်းလို့လည်းပဲထိန်းထားလို့မရဘူး။
မကောင်းလို့လည်း ထိန်းထားလို့ မရဘူး။
သူ့ကို တည်နေအောင် ဘယ်သူမှ လုပ်လို့
မရဘူး။
အကုန်လုံးဟာ ပြောင်းလဲသွားတာပဲ။
ဆင်းရဲတဲ့ လူရဲ့ဘဝဟာ
တစ်ရက်ကုန်တော့
နှစ်ဆယ့်လေးနာရီကုန်သွားတာပါပဲ။
ချမ်းသာတဲ့လူရဲ့ ဘဝလည်း
တစ်ရက်ကုန်တော့
နှစ်ဆယ့်လေးနာရီ ကုန်သွားတာပါပဲ။
ကုန်တာခြင်းတော့ တူနေတယ်လို့
မဆိုနိုင်ဘူးလား၊ ဆိုနိုင်တယ်။
ဒါပေမဲ့ ဘယ်လိုမျိုးပုံစံနဲ့ ကုန်သွားတာ
လဲဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်တယ်
ကုသိုလ်နဲ့ကုန်သွားတာလား?
အကုသိုလ်တွေနဲ့ အချိန်ကုန်သွားတာ
လား?။
သစ္စာရွှေစည်ဆရာတော်ဦးဥတ္တမ