မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ငါ့ကျမှ ရွေးပြီး
အခက်အခဲတွေနဲ့
ကြုံတွေ့နေရတယ်လို့ မထင်ပါနဲ့။

သာယာနေပါတယ်
ပျော်ရွှင်နေပါတယ်
အဆင်ပြေပါတယ်ဆိုတဲ့
လူတစ်ချို့မှာလည်း
အခက်အခဲကိုယ်စီရှိကြပါတယ်။
ကိုယ့်လောက်တော့
အခက်အခဲဖြစ်ချင်မှ ဖြစ်မှာပါ။

အဆင်ပြေနေကြတဲ့သူတွေနဲ့
ကိုယ့်ဘဝကို မနှိုင်းယှဥ်ပါနဲ့။
စိတ်ဓာတ်ကျ အားငယ်မိတာပဲ
အဖတ်တင်ပါလိမ့်မယ်။

ကိုယ်နဲ့ဘဝတူသူတွေ
ကိုယ့်လောက်မှ
အဆင်မပြေကြတဲ့သူတွေကို
အဖော်ပြုရင်း
တိုင်ပင်ဖေးမကာ
ရှေ့ဆက်ကြရမှာပါ။

မေတ္တာဖြင့်

အရှင်ဇဝန(လယ်ဝေး)🙏🙏🙏