ဒရုန်းကိုအကျိုးရှိရှိ အသုံးချလာတဲ့မြန်မာ့တပ်မတော်

လက်ရှိ ရှမ်းမြောက်နဲ့ ရခိုင်မှာ သောင်းကျန်းသူအဖွဲ့တွေ စခန်းတစ်ခုကို ခဏလေးနဲ့ တိုက်နိုင်တာ သူတို့တွေရဲ့မြေပြင်တိုက်စွမ်းရည်ကြောင့်မဟုတ်ဘူး။ Drone နည်းပညာပိုင်း အရေးသာမှုကြောင့် အချိန်အနည်းငယ်အတွင်းမှာ Drone နဲ့ ဗုံးတွေအများကြီး ကြဲချလိုက် တက်သိမ်းလိုက်လုပ်သွားတာ၊ အခု အမ်း၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူနဲ့ ဂွတို့မှာ ယခင်လိုမတိုးနိုင်တာက Drone နည်းပညာပိုင်းမှာ သူတို့ပြန်လည်နောက်ကျသွားပြီး မြေပြင်မှာ လူနဲ့တိုးနေရလို့ သူတို့ထင်သလောက် ခရီးမပေါက်ခဲ့တာ။

အမ်းမှာဆိုရင်လည်း တပ်ရဲ့ drone jammer တွေကို သူတို့ drone တွေမကျော်နိုင်ဘူး၊ ဒါပေမယ် တပ်က drone တွေကတော့ သူတို့ကိုကျော်နိုင်ခဲ့တယ်၊ သူတို့ထက် အဆများစွာသာတဲ့ Drop ဗုံးတွေနဲ့ ထပ်ကြပ်မကွာ လိုက်လံကြဲချနိုင်ခဲ့တယ်။ အမ်းမှာသူတို့ဘာလို့အထိနာနေတာလည်းဆိုတော့ တပ်ရဲ့ လေကြောင်း/လက်နက်ကြီး/ drone တွေရဲ့အရေးသာမှုတွေကြောင့်…

nikkei asia သတင်းမှာဆိုရင်လည်း “မြန်မာစစ်တပ်က ဒရုန်းကို ထိထိရောက်ရောက်အသုံးချလာကြောင်း၊ မြေပြင်မှာဆိုရင်လည်း ဒရုန်းတွေသုံးပြီး ထိထိရောက်ရောက် ပြန်လည်တိုက်ခိုက်လာတာကိုလည်းတွေ့ရကြောင်း၊ လွန်ခဲ့တဲ့ ၃ နှစ်ကနဲ့ နှိင်းယှဉ် လိုက်ရင် မြန်မာစစ်တပ်ရဲ့ ဒရုန်းအသုံးပြုမှုဟာ တိုးတက်လာတယ်လိုဆိုရမှာဖြစ်ကြောင်း၊ မြန်မာစစ်တပ်က ဒရုန်းတွေမှာ ၁၂၀ မီလီမီတာနဲ့ ၈၁ မီလီမီတာ စိန်ပြောင်း ဗုံးသီးတွေကိုလည်း ပစ်မှတ်တွေအပေါ်မှာ ပိုပြီးတိတိကျကျချလာနိုင်ပြီး FPV လိုခေါ်တဲ့ အသေခံဒရုန်းတွေကိုလည်း အဝေးကနေလမ်းညွှန်နိုင်တဲ့အထိ အဆင့်မြှင့်လာကြောင်း၊ မြန်မာစစ်တပ်ဘက်ကလည်း ဒရုန်းအတွက် သီးခြားညွှန်ကြားပေးမယ့်အဖွဲ ၂၀၂၃ ခုနှစ်ကစတင်ဖွဲစည်းခဲ့ပြီး အုပ်ချုပ်သူကိုလည်း လေတပ်အရာရှိမဟုတ်တဲ့ ဗိုလ်မှူးချုပ်တစ်ဦးကို တာဝန်ပေးထားတယ်လိုသိရပါတယ်… လက်ရှိမှာ ဝယ်ယူထားတဲ့ ဒရုန်းအသစ်တွေကို ရှေ့တန်းမြေပြင်တပ်ဖွဲတွေကြား ဖြန့်ကြက်ထားတယ်လို သိရကြောင်း” ဖော်ပြထားတယ်။

AA အဖွဲ့အမ်းကိုတိုက်တာ စက်တင်ဘာလ ၂၆ ရက်နေ့တည်းက တိုက်ခဲ့တာ၊ အခုဆို တစ်လကျော်လာပြီ၊ ရက်ကြာလာသည်နဲ့အမျှ ၎င်းတို့ဘက်မှာ သေဆုံးဒဏ်ရာရများပြားလာမှု၊ ကုသစရာဆေးဝါးမရှိမှု၊ ရိက္ခာခဲယမ်းနည်းပါးလာမှု၊ စစ်ပန်းမှု၊ နည်းပညာပိုင်း နောက်ကျသွားမှု၊ အောက်ခြေပိုင်းမှာ စိတ်ဓာတ်ကျဆင်းလာမှုတွေကြောင့် AA အဖွဲ့အမ်းမှာ စစ်ရှုံးနေတယ်လို့တောင် ပြောလို့ရတဲ့ အနေအထားပါ။ စစ်ရှုံးနေလို့လည်း ၎င်းတို့ဘက်က သတင်းတုပေါင်းများစွာနဲ့ လိုက်လံတိုက်ခိုက်မှုတွေ လုပ်နေတာပါ။ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းက “အမ်းကို AA သိမ်းပိုက်လိုက်ပြီ”လို့ လောခဲ့တဲ့သူတွေလည်း နှုတ်ဆိတ်နေကြပါပြီ။

MinChitOo